လူတိုင်းအတွက် သဘာဝနည်းနဲ့ မျက်နှာ ပေါင်းတင်ကြရအောင်
by NANG KHA YEA on 27.10.2012

လှတစ်မျက်နှာဆိုတဲ့အတိုင်းပဲမျက်နှာလေးကြည်လင်ဝင်းပနေဖို့လိုအပ်ပါတယ်။မျက်နှာကိုဂရုတစိုက်
စောင့်ရှောက်မှုမလုပ်ပေးဘူးဆိုရင်တော့ကြည်လင်လှပနေတဲ့မျက်နှာကိုပိုင်ဆိုင်နိုင်မှာမဟုတ်တာအမှန်ပါပဲ။
အသားအရေကိုထိန်းသိမ်း စောင့်ရှောက်ရာမှာ ပြင်ပ စောင့်ရှောက်မှု
တစ်ခုတည်းနဲ့ မထိရောက်ဖူး ဆိုတာကို ပထမဆုံး သိထားသင့် ပါတယ်။ အစား အစာကလည်း
အရေးပါတဲ့ ကဏ္ဍကနေ ပါဝင် ပါတယ်။ ဒါကြောင့် အဟာရ ပြည့်ဝစေတဲ့ အသီးအနှံ၊
ဟင်းသီး ဟင်းရွက် တွေကို များများ စားပေးရမယ့် အပြင် အခွံမာ သီးကိုပါ
နေ့စဉ် စားသုံးတဲ့ အစား အစာတွေ ထဲမှာ ထည့်သွင်း စားသုံး သင့်ပါတယ်။ ရေသောက်
ဖို့လည်း မမေ့လျှော့ ပါနဲ့။ ရေသောက်ခြင်းဖြင့် အသားအရေကို အစိုဓါတ်
ထိန်းထားပေးပြီး နူးညံ့